Monday, December 15, 2008

နှလုံးအေးတဲ့ဆေး...

ရောက်တဲ့အရပ်မှာပျော်အောင်နေ၊
တွေ့ တဲ့သူနဲ့ တည့်အောင်ပေါင်း၊

ရှိတာလေးနဲ့ လှအောင်ဝတ်၊
ရတာလေးနဲ့ ဝအောင်စား၊

အရာရာမမြဲတာကအနိစ္စ
ကိုယ့်အလိုအတိုင်းမဖြစ်လွယ်တာကအနတ္တ

ပြိုင်လာရင်အရှုံးပေး
နှလုံးအေးတဲ့ဆေး။

(ငယ်စဉ်ကအဖေ့ပွဲရုံနံရံတွင်ချိတ်ဆွဲထားသောစာတမ်းဖြစ်ပြီး၊
ကြိုက်နှစ်သက်၍အလွတ်ကျက်ထားခြင်းဖြစ်ပြီး အားလုံးနှင့်ဝေမျှခံစားလိုက်ပါသည်။
အချိန်ကြာလှပြီဖြစ်၍ အချို့ စာသားများအမှားအယွင်းရှိပါကခွင့်လွတ်ပါရန်အနှူးအညွတ်ပန်ကြားအပ်ပါသည်။)

Monday, December 8, 2008

ကျွန်တော့်အနှစ်သက်ဆုံးဆိုရိုးစကားများ

富貴自喜捨中來,
家業自勤儉中來,
善友自道義中來,
寧靜自淡泊中來。

恭錄自 星雲大師 (佛光菜根譚)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
From labor, money;
From charity, love;
From generosity, friendship;
From no desire, peace.

~Master Hsing Yun~ “The Everlasting Light”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ငွေကြေးအသပြာကို၊ လုပ်အားစိုက်ထုတ်ခြင်းမှသာလျှင်ရရှိသည်။
ချစ်ခြင်းမေတ္တာတရားကို၊ သနားကရုဏာခြင်းမှသာလျှင်ရရှိသည်။
မိတ်ဆွေခင်ပွန်းများကို၊ ရက်ရောပေးကမ်းခြင်းမှသာလျှင်ရရှိသည်။
အေးချမ်းခြင်းတရားကို၊ လောဘရမက်ကင်းစင်ခြင်းမှသာလျှင်ရရှိသည်။

ဆရာတော်ကြယ်တိမ်ဆရာတော်ကြီးမိန့်  ကြားတော်မူသည် (ထာဝရအလင်းစာစု)


" Hope for the best,
Prepare for the worst!"
" အကောင်းဆုံးအတွက်မျှော်လင့်ထားပါ၊
အဆိုးဆုံးအတွက်ပြင်ဆင်ထားပါ။"

" Don't trouble till trouble troubles you."
" ဒုက္ခသည် အသင့်အား ဒုက္ခမပေးသေးသရွှေ့  စိတ်ဒုက္ခမရောက်ပါနှင့်။"

" My head is bloody, but unbowed!"
" ငါ့၏ဦးခေါင်းသည် သွေးစိမ်းရှင်ရှင်တို့ ဖြင့်နီရဲနေစေကာမူ ငါကားဦးညွှတ်လိမ့်မည်မဟုတ်။"

" What is this life is full of care,
If we have no time to stand and stare?"
" စိုးရိမ်ပူပန်မှုသောကများနှင့်သာပြည့်နှက်နေပြီး၊
အေးအေးဆေးဆေးနားနေပြီးငေးမောကြည့်နေဖို့ အချိန်မရှိပါက၊
ဘ၀သည် အဓိပ္ပယ်ရှိလိမ့်မည် မဟုတ်ချေ။"

Wednesday, November 19, 2008

ညီမလေးတစ်ယောက်၏အတွေးအခေါ်ကောက်နုတ်ချက်များ...

လူဆိုတာ...
ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။

Thursday, June 26, 2008

ချစ်ခင်လေးစားရသောသွားလေသူအနုပညာဖန်တီးရှင်ဂီတမှော်ဆရာ(သို့ )ထူးအိမ်သင်အတွက်အမှတ်တရ...



ကျွန်တော့်အကြိုက်ဆုံးသူ့ အတွေး၊သူ့ စာသားများ...

"မင်းမရှိ၊ငါမရှိ၊ အားလုံးဘယ်သူ့ မှမရှိ၊ အမြဲရှိတဲ့မမြဲခြင်းတရားသာရှိ။
မင်းမရှိ၊ငါမရှိ၊ အားလုံးဘယ်သူ့ မှမရှိ၊ မပြောင်းလဲတဲ့ပြောင်းလဲခြင်းသာရှိ၊"
[မှော်ဆရာအိပ်မက်စီးရီး "မရှိ"တေးသီချင်းမှစာသားကောက်နုတ်ချက်။]

"အို... ညီလေးရေ မှန်တာလုပ်ပေါ့၊ ဟုတ်တာပြောလိုက်၊ မကြောက်နဲ့ ကွာ၊
အမှန်တရားရဲ့ ပြည့်ဝတဲ့အနက်အဓိပ္ပာယ်ကို မင်းအသိပါ၊
အမှန်တရားအတွက်ရင်ဆိုင်၊အများအကျိုးတွေကိုထမ်းရွက်ကြတဲ့အခါ၊
မင်းအတ္တနဲ့ ဘ၀ကိုမီးပုံရှို့ နိုင်မှ။"
[မှော်ဆရာအိပ်မက်စီးရီး "ညီလေးရေ(၂)"တေးသီချင်းမှစာသားကောက်နုတ်ချက်။]

"အမေ... ကျွန်တော့်ကိုစိတ်မပျက်ဖူးလား၊
ဘ၀မှာအကြိမ်ကြိမ်အခါခါမှားလည်း မာနကအကြီးသား၊
ကိုယ်ယုံကြည်ရာကိုဈေးကွက် တင်ရောင်းဖို့ ခက်နေလို့ တဲ့၊
မိတ်ဆွေတစ်ချို့ ကပြက်ရယ်၊ ချစ်သူကလေနားမလည်၊
အမေ့ရဲ့ ဒုက္ခအိုးလေး၊ အသည်းကွဲ။"
[အတ္တပုံဆောင်ခဲများစီးရီး "အမေ့ရဲ့ ဒုက္ခအိုးလေး"တေးသီချင်းမှစာသားကောက်နုတ်ချက်။]

"မေမေချစ်တဲ့သားကြီး အဝေးဆီရောက်နေပြီ၊
သီချင်းများနဲ့  ရည်စူးတဲ့စိတ်၊
အမြဲတမ်း ဦးညွှတ်ရင်း
မေမေစိတ်ချမ်းသာကြောင်း
ရင်မှာတောင်းဆုခြွေတဲ့အချစ်
မေမေချစ်တဲ့သားကြီး သီချင်းဖွဲ့ နေပြီ။"
[အကြွင်းမဲ့ မေတ္တာတော်သီချင်း (သို့) အမေစီးရီး "မေမေချစ်တဲ့သားကြီး"တေးသီချင်းမှစာသားကောက်နုတ်ချက်။]

Tuesday, June 24, 2008

ဘလောက်ဖွင့်ရခြင်းရည်ရွယ်ချက်...

၁။ အမိရင်ခွင်မှဝေးကွာနေကြပြီး နိုင်ငံတစ်ကာသို့ တစ်ကွဲတစ်ပြားရောက်ရှိနေကြသော ညီအစ်ကိုမောင်နှမများနှင့်တကွမြန်မာနိုင်ငံအတွင်းနေထိုင်နေကြသောဆွေမျိုးသားချင်းများနှင့် ခံစားချက်များ၊ ထင်မြင်ယူဆချက်များ၊ သတင်းများ ရင်းရင်းနှီးနှီး ဖလှယ်ဆွေးနွေးရန်။

၂။ အဝေးရောက်သား မြင်ရ၊ကြားရ၊ခံစားရသော အကြောင်းအရာများကို မိတ်ဆွေများနှင့်ဝေမျှခံစားရန်။

၃။ အသိပညာ၊အတတ်ပညာများကို အချင်းချင်းဖလှယ်နှီးနှောတိုင်ပင်ရန်နှင့်

၎။ မိတ်ဆွေတို့  ရေးချင်တာ လွတ်လွတ်လပ်လပ် ရေးသားနိုင်ရန်ရည်ရွယ်ပါသည်။

Monday, June 23, 2008

အဝေးရောက်သားမှသင့်အားလှိုက်လှဲစွာကြိုဆိုပါသည်။

အဝေးရောက်သားဘလောက်ကိုမိတ်ဆွေတို့ အားလုံးအတွက် ၂၀၀၈၊၀၆၊၂၃ ရက်နေ့ တွင်စတင်ဖွင့်လှစ်လိုက်သည်။