Wednesday, July 22, 2009
捨不得讓你走 (မင်းကလေးကျောခိုင်းထွက်ခွာသွားမှာမမြင်ရက်ပါ)
曲 : 陳俊廷 詞 : 翁鵬宇
တေးရေး၊ ချန်ကျွင့်ထင် သံစဉ်၊ အုန်းဖုန်ယွီ
တေးဆို၊ ၀မ်ကျယ်
你曾是我最惆悵 最最難忘
မင်းလေးဟာကိုယ့်စိတ်ထဲမှာ ကြေကွဲဝမ်းနည်းရဆုံး မေ့ပျောက်လိုမရဆုံးသူတစ်ယောက်ဖြစ်ပါတယ်။
人在歲月中流失 多少夢想
လူသားများဟာအသက်ရှင်နေထိုင်တဲ့ဘ၀နေ့ ရက်များထဲမှာ ဘယ်လောက်များလှတဲ့မျှော်လင့်ချက်အိပ်မက်တွေဆုံးရှုံးခဲ့ရပါသလဲ။
當我看著你的臉龐 那種感覺永遠都一樣
ကိုယ်မင်းမျက်နှာကိုကြည့်မိစဉ်တိုင်းမှာ ခံစားမိရတဲ့ခံစားချက်ဟာထာဝရဒီခံစားချက်အတိုင်းပါပဲ။
你是我心中 最痛的痛
မင်းလေးကကိုယ့်စိတ်ထဲမှာ နာကျင်ရဆုံးဒါဏ်ရာဖြစ်သလို
也是我心中 最夢的夢
အိပ်မက်နေရဆုံးအိပ်မက်တစ်ခုလည်းဖြစ်ပါတယ်။
Chorus1:
[捨不得讓你走 卻無力挽留住什麼
မင်းခွဲခွါသွားမှာမမြင်ရက်သလို တားဆီးထားဖို့ ကလည်း ကိုယ့်မှာအင်အားမရှိခဲ့ပါ။
雖然堂堂男子漢 也會忍不住淚流
ယောကျာင်္းစင်စစ်အမှန်ဖြစ်သော်လည်း မျက်ရည်ပြည့်လျှံဝဲကျလာခြင်းကိုမတားမြစ်နိုင်ခဲ့ပါ။
捨不得讓你走 卻無力強求些什麼
မင်းခွဲခွါသွားမှာမမြင်ရက်သလို တောင်းဆိုဖို့ လည်းအင်အားမရှိခဲ့ပါ။
讓我握緊你的手
မင်းရဲ့လက်ကိုသာတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး၊
用最深的祝福 陪你走]
အလေးနက်အနက်ရှိုင်းဆုံးဆုမွန်ကောင်းများနဲ့ သာမင်းလေးထွက်ခွာသွားတာကိုသာ အဖော်ပြုခွင့်ပြုပါတော့။
我曾是你最知己 也最依賴
ကိုယ့်ကမင်းလေးရဲ့အကြောင်းကိုအသိဆုံး၊ မင်းလေးအားကိုးယုံကြည်ရသူတစ်ဦးဖြစ်ခဲ့ဘူးပါတယ်။
就讓往事都變成 最美的傷
အခုတော့ဖြစ်ပျက်ခဲ့သမျှဟာ အလှအပဆုံးဒါဏ်ရာတစ်ခုအနေနှင့်သာရှိနှင့်ပါစေတော့။
當我看著你的臉龐 那種感覺永遠都一樣
မင်းမျက်နှာကိုကြည့်တိုင်းခံစားမိတဲ့ခံစားချက်ကတော့ထာဝရမပြောင်းမလဲရှိလျှက်ပါပဲ။
你是我心中 最痛的痛
မင်းလေးကကိုယ့်စိတ်ထဲမှာ နာကျင်ရဆုံးဒါဏ်ရာဖြစ်သလို
也是我心中 最夢的夢
အိပ်မက်နေရဆုံးအိပ်မက်တစ်ခုလည်းဖြစ်ပါတယ်။
Repeat Chorus1: x 2
(ဒါကတော့ကျွန်တော်နှစ်သက်အလေးစားရဆုံးတရုပ်အဆိုကျော်ဝမ်ကျယ်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သူဟာမြန်မာပြည်ကထူးအိမ်သင်လိုတစ်မူထူး ခြားတဲ့အသံကိုပိုင်ဆိုင်ထားတဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူဆိုတဲ့သီချင်းတစ်ပုဒ်ကိုဘယ်သူဆိုလဲမကြည့်ဘဲနားထောင်လိုက်ရင်သူ့ အသံပဲလို့ သိရအောင်ထူးခြားတဲ့အသံပိုင်ရှင်ဖြစ်ပါတယ်။ ကျွန်တော်တက္ကသိုလ်ဘ၀မြန်မာနိုင်ငံမှာရှိနေစဉ်ကရော၊ထိုင်ဝမ်မှာကျောင်းတက်စဉ်ကပါ သူ့ အခွေတိုင်းလိုလိုဝယ်ဖြစ်ခဲ့တဲ့အဆိုတော်လည်းဖြစ်ပါတယ်။ ရော့ခ်၊စလိုး၊သိုင်ကားဇာတ်ဝင်သီချင်း၊ကလေးများအတွက်သီချင်း၊လေလွင့်သူများအတွက်သီချင်းမျိုးစုံကိုသီဆိုခဲ့သူလည်းဖြစ်ပါတယ်။ သူ့ သီချင်းအများစုကိုကျွန်တော်ကြိုက်နှစ်သက်ပြီး သူငယ်ချင်းများနဲ့  ကေတီဗွီမှာသီချင်းဆိုရင်သူ့ သီချင်းကျွန်တော်မဆိုမဖြစ်ဆိုပါတယ်။ ဒီသီချင်းနောက်ကြောင်းမသိခင်က တေးရေးသူကသူ့ ချစ်သူအကြောင်းဖွဲ့ ဆိုထားတယ်လို့ အထင်မှားမိပြီး အမှန်ကတော့ ၀က်ဆိုဒ်မှာပြန်ကြည့်မှ လောကထဲကကျောခိုင်းသွားတဲ့ ကင်ဆာရောဂါရှင်ကလေးငယ်တစ်ဦးအတွက်ရေးစပ်ထားတာဖြစ်ကြောင်းသိရှိရပါတယ်။ သီချင်းကိုအဓိပ္ပာယ်နှင့်တကွနားဆင်မိတဲ့အခါမှာမျက်ရည်ကျမိမတတ်ခံစားရပါတယ်။ ခံစားကြည့်ကြပါ။ အောက်ပါလင့်ခ်မှာ အမ်တီဗွီရှုစားလို့ ရပါတယ်။)
http://www.youtube.com/watch?v=Xze8NXtkC8I
安靜 (အေးချမ်းငြိမ်သက်ခြင်း)
作曲:周杰倫, 編曲:鍾興民
監製:周杰倫, 填詞:周杰倫
(တေးရေး၊တေးဆို။ ကျိုးကျယ်လွန် တည်းဖြတ်။ ကျုံးရှင့်မင်)
只剩下鋼琴陪我談了一天
ကိုယ့်နဲ့ တစ်နေ့ လုံးစကားပြောဖို့ စန္ဒယားတစ်လုံးသာရှိပါတော့တယ်။
睡著的大提琴 安靜的舊舊的
အိပ်ပျော်နေတဲ့တယောကြီး(သံစုံတီးဝိုင်းသုံး)ကတော့ဟောင်းဟောင်းနွမ်းနွမ်းတိတ်တိတ်ဆိတ်ဆိတ်ရှိလျှက်ပါပဲ။
我想你已表現的非常明白
မင်းလေးကတော့ကိုယ့်ကိုပြတ်ပြတ်သားသားထင်ထင်ရှားရှားပြောခဲ့ပြီးပါပြီ။
我懂我也知道 你沒有捨不得
မင်းမခွဲနိုင်၊မခွာရက်မဖြစ်ခဲ့တာကို ကိုယ်သိနားလည်သဘောပေါက်ပါတယ်။
你說你也會難過我不相信
မင်းပြောတော့မင်းလဲဝမ်းနည်းမိပါတယ်တဲ့၊ ကိုယ်တော့မယုံကြည်ပါဘူး။
牽著你陪著我 也只是曾經
မင်းလက်ကိုတွဲ၊ကိုယ့်ကိုမင်းအဖော်ပြုနေခဲ့တာလဲအတိတ်မှာပဲကျန်ခဲ့ပါပြီ။
希望他是真的比我還要愛你
သူကမင်းကိုကိုယ့်ထက်တောင်ပိုချစ်မယ်လို့ ကိုယ်မျှော်လင့်လို့ လဲ
我才會逼自己離開
ကိုယ့်ကိုကိုယ်ပဲ အတင်းအဓမ္မမင်းလေးအနားက စွန့် ခွာခဲ့တာပါ။
你要我說多難堪 我根本不想分開
မင်းကလေးကတော့ကိုယ်ကိုအနေရခက်အောင်ပြောခဲ့ပြီ။ ကိုယ်ဘယ်တော့ကမှခွဲခွါချင်တာမဟုတ်ပါဘူး။
為什麼還要我用微笑來帶過
ဘာကြောင့်မို့ နောက်ထပ်ကိုယ်ကိုပြုံးပြခိုင်းပြီးခွဲခွါခိုင်းတာလဲ။
我沒有這種天份 包容你也接受他
ဒီလိုရက်ရောမှုပါရမီတော့ကိုယ့်မှာမရှိခဲ့ပါ၊ မင်းသဘောလိုက်လျှောပင်မယ့် မင်းကတော့သူ့ ကိုလက်ခံခဲ့တာပါပဲ။
不用擔心的太多 我會一直好好過
သိပ်ပြီးလဲကိုယ့်အတွက်စိုးရိမ်ပူပန်မနေပါနဲ့  ကိုယ့်ဘ၀ကိုကိုယ်ကောင်းကောင်းမွန်မွန်ကျော်ဖြတ်သွားမှာပါ။
你已經遠遠離開 我也會慢慢走開
မင်းကတော့အဝေးအဝေးသို့ ကျောခိုင်းထွက်ခွါသွားခဲ့ပါပြီ၊ ကိုယ်လည်းတဖြည်းဖြည်းလှမ်းထွက်ခဲ့ပါတော့မယ်။
為什麼我連分開都遷就著你
မင်းကလေးလမ်းခွဲတာတောင် ဘာကြောင့်မို့ ကိုယ်ကိုလာတွေ့ ခိုင်းသေးရတာလဲ။
我真的沒有天份 安靜的沒這麼快
ဒီလိုပါရမီမျိုးကိုယ့်မှာမရှိရိုးအမှန်ပါ၊ တခဏချင်းအေးချမ်းငြိမ်သက်သွားအောင်လည်းကိုယ်မစွမ်းဆောင်နိုင်ပါ။
我會學著放棄你 是因為我太愛你
မင်းကိုစွန့် လွှတ်ခဲ့ဖို့ ကိုယ်ကြိုးစားပါ့မယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ကိုယ်မင်းလေးကို သိပ်ချစ်လွန်းလို့ ပါ။
(တရုပ်လူငယ်တွေကြားရေပန်းစားတဲ့ နာမည်ကြီးအဆိုတော် ကျိုးကျယ်လွန်ရဲ့ ကျွန်တော်အနှစ်သက်ဆုံးတရုပ်သီချင်းများထဲက တစ်ပုဒ်ဖြစ်ပါတယ်။ အများကြိုက်ကြလိမ့်မယ်လို့ လဲယူဆပါတယ်။ အမ်တီဗွီနားထောင်ချင်ရင်တော့ထုံးစံအတိုင်းအောက်ကလင့်ခ်ကိုနှိပ်ပါ။)
http://www.youtube.com/watch?v=ULZz9TIrrbI
တေးသီချင်းကောင်းတစ်ပုဒ်ဆိုသည်မှာ…
တေးသီချင်းကောင်းတစ်ပုဒ်၏ အနက်အဓိပ္ပာယ်ကို ကျွန်တော့်အားဖွင့်ဆိုခိုင်းမည်ဆိုပါက “အဓိပ္ပာယ်ရှိသောသီချင်းစာသား၊ လှပနှစ်လိုဖွယ်သောတေးသွားသံစဉ် နှင့် ထိုစာသားတေးသွားများကိုပေါ်လွင်ထင်ရှားအောင်သီဆိုတင်ပြနိုင်သောအဆိုတော်“ ဟူသောတစ်ခုမှ လစ်ဟင်းမရနိုင်သော ဟန်ချက်ညီညီဖွဲ့ စည်းထားသည့် သုံးပွင့်ဆိုင်တြိဂံတစ်ခုဟုယူဆနိုင်ပါသည်။
အပြင်လောကတွင်မူ ခင်ဗျားတို့ ကျွန်တော်တို့ အကြားများသည်က“ဘယ်သီချင်းကို ဘယ်အဆိုတော်ဆိုသွားတာ နားထောင်လို .့တော်တော်ကောင်းတယ်ကွာ"လို့ သာကြားရမည်ဖြစ်ပြီး“ဒီသီချင်းကဘယ်သူရေးစပ်ပြီး၊ သံစဉ်ကဘယ်သူယူထားတာတော်တော်ချီးကျူးဖို .့ကောင်းတယ်”ဟုပြောတတ်သူမှာတော်တော်ရှားပေလိမ့်မည်။
ကျွန်တော့်အဖို့ မှာမူ ထိုသို့ ကြားရတိုင်း တေးရေး၊သံစဉ်ရေးစပ်သူများအတွက် အထူးစာနာမိပြီး သူတို့ အပေါ်မျှတမှုမရှိလှဟုထင်မိသည်။ သီချင်းကောင်းတစ်ပုဒ်၊ သံစဉ်ကောင်းတစ်ပုဒ်ဖြစ်လာရန်ဆိုသည်မှာ လေးလေးနက်နက်ရှိသော တေးရေးသူတစ်ယောက်အဖို့  ကိုယ်အသွေး၊အသား၊ဘ၀တစ်စိတ်တစ်ဒေသကို အများသိရှိစေရန် တေးသီချင်းအသွင်ဖြင့် ဖွင့်အန်ထုတ်ပြလိုက်ခြင်းသာဖြစ်သည်။ ထို့ ကြောင့်အသင်စာဖတ်သူကိုလည်းနောက်နောင်သီချင်းကောင်းတစ်ပုဒ်နားထောင်မိပါကဘယ်အဆိုတော်ဆိုသောဘယ်သီချင်းဖြစ်သည်ဟုသိရုံမျှဖြင့်ရပ်တန့် မနေပဲ သံစဉ်စာသားဘယ်သူရေးစပ်သည်အထိသိသင့်စေလိုသည်မှာ စာရေးသူကျွန်တော်၏စိတ်ဆန္ဒပင်ဖြစ်သည်။ လူဆိုသည်ကလည်း (ကျွန်တော်အပါအ၀င်) အခက်သား၊ အလေ့အကျင့်တစ်ခုကိုပြောင်းလဲဖို့ ဆိုတာတော်တော်ခဲယဉ်းသည်မို့ တိုက်တွန်းအကြံပေးခြင်းသာသင့်တော်ပြီး လုပ်သင့်မလုပ်သင့်ဆိုသည်မှာ လူတစ်ယောက်၏ ပင်ကိုယ်လွတ်လပ်ခွင့်သာဖြစ်သည်။
တေးရေး၊သံစဉ်၊တေးဆိုအားလုံးတစ်ယောက်တည်းဖြစ်သောအဆိုတော်များမှာအတန်ငယ်ရှားမည်ဟုထင်မိပါသည်။ ကျွန်တော်ငယ်စဉ်ကမှီခဲ့သော ကိုယ်ပိုင်သံစဉ်တေးရေးအဆိုတော်အချို့ မှာ ကိုင်ဇာ၊(စိုးလွင်လွင်၊ထူးအိမ်သင်၊ဗဒင်)အစရှိသူများဖြစ်သည်။ ကျွန်တော်နာမည်မဖော်ပြထားသော အခြားသူများလည်းရှိပါသေးသည်။ တရုပ်တေးလောကတွင်တော့ ကျွန်တော်သိသမျှ ၀မ်ကျယ်(王傑)၊၀ူချီရှန်(巫啟賢)၊ကျိုးကျယ်လွန်(周杰倫)၊၀မ်လိဟုန်(王力宏)အစရှိသည်ဖြင့်…။ တေးရေးသူအချို့ မှာ ဖန်းတထုံ[方大同](ကျိုးကျယ်လွန်သီချင်းတော်တော်များများကို ရေးပေးသူ)၊လီကျုံးစန့် (李宗盛)၊လော်တရို [羅大佑]့(နိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်တတ်သူ)စသည်ဖြင့်အောင်မြင်ကျော်ကြားသောအနုပညာသမားတော်တော်များများပေါ်ထွက်ခဲ့သည်။
တေးဂီတတေးရေး၊တေးဆိုတစ်ယောက်တည်းဖြစ်တတ်သူများကိုသာ လူအများမှတ်မိလွယ်တတ်ကြပြီး တေးမဆိုသောတေးရေးဆရာများကိုသိပ်အသိတကျွမ်းမရှိကြ။ (ဥပမာ.. ညီညီစံ၊ ညီညီသွင်၊ မောင်မောင်ဇော်လတ်၊ နိုင်မြန်မာ စသည်ဖြင့်…) ဂျေညီညီဆိုဖူးသော ”ဒီမိုး”သီချင်းရေးသူများထဲတွင် ဗဒင်တစ်ယောက်အပါအ၀င်ဖြစ်သည်ဟုသိသူနည်းလိမ့်မည်ဟုထင်ပါသည်။။ တစ်ချို့ ကော်ပီတေးရေးသူမင်းချစ်သူ၊၀င်းမင်းထွေး၊မောင်သစ်မင်းများကိုတော့ လူသိများကြလေသည်။ သီချင်းကောင်းရေးတတ်သူတိုင်း သီချင်းဆိုတတ်ကြသည်မဟုတ်ပါ။ ကျွန်တော်သည်ကား ကဗျာမတောက်တခေါက်ရေးတတ်သော်လည်း သီချင်းမရေးတတ်ပါ။ သီချင်းရေးရာတွင် ကျွန်တော်အနေဖြင့် အကြောင်းအရာ တစ်ရပ်ပေါ်ဈာဉ်ဝင်စားခြင်းသည် အရေးကြီးလှသည်ဟုထင်ပါသည်။ အခုခေတ်ပေါ်ရပ်(RAP)သီချင်းများကိုတော့ကျွန်တော်မခံစားတတ်ပါ။ သို့ သော်လည်း သာမာန်သံစဉ်(slow/rock/cha cha/bossonova/jass)သီချင်းများရေးရသည်ထက် လွယ်လွန်းသည်ဟုထင်မြင်မိသည်။ ပညာသားသိပ်ပါလှသည်ဟုလည်းမထင်မိပါ။ ကဗျာစပ်တတ်လျှင် ရပ်သီချင်းရေးတတ်သည်ဟု အကြမ်းဖျင်းယူဆလို့ ရပြီး သာမန်ကဗျာတစ်ပုဒ်ကို ရပ်မဆန်သော သီချင်းအဖြစ်သံစဉ်ထည့်သွင်းရသည်မှာခက်လှပေသည်။
ယနေ့ မျက်မှောက်မြန်မာနိုင်ငံ၏စတီဒီယိုတေးလောကမှာ ကျွန်တော်တို့ ငယ်စဉ်ကခေတ်ကာလနှင့် နှိုင်းယှဉ်ကြည့်ပါက အများကြီးဆုတ်ယုတ်သွားသည်ဟုထင်သည်။ ရပ်သီချင်းများပေါချင်းသောချင်းပေါ်လာသည်ကလွဲ၍ ကိုယ်ပိုင်သံစဉ်ကိုယ်တိုင်ရေးစပ်သောသီချင်းများမရှိသလောက်နည်းသွားပြီး၊ ကိုယ်တိုင်ရေး၊ကိုယ်တိုင်ဆိုအဆိုတော်များမှာပိုလို့ တောင်ရှားသွားလေပြီ။ သိသလောက်လက်ရှိဆောင်းဦးလှိုင်တစ်ယောက်လောက်သာရှိတော့သည်။ လူငယ်အများစုကတော့ ပြန်ဆိုသီချင်းလုပ်လိုက်၊ ကျဘမ်းရပ်သီချင်းရေးသံစဉ်ထည့်လိုက်၊ သီချင်းဟောင်းများကို ရပ်အပိုင်းအစကြားညှပ်ဆိုလိုက်နှင့်သာ ရိုက်စားခေတ်ဖြစ်နေလေပြီ။ စိတ်ထဲမှာတော့ကျွန်တော်ချစ်သောမြန်မာနိုင်ငံတွင် ငယ်စဉ်ကကဲ့သို့ ကျွန်တော်အပါအ၀င်လူတိုင်းနှစ်သက်လက်ခံသောတေးသီချင်း၊တေးဂီတခေတ်မျိုးတစ်ဖန်ပြန်လည်ထွန်းကားစေချင်သည်မှာရင်ထဲကဆန္ဒတစ်ခုသာဖြစ်ပေလေသည်။
(မှတ်ချက်။ ။အထက်ပါဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆထင်မြင်ချက်များသာဖြစ်ပြီး တစ်ချို့ သောသူများ၏ အတွေးအခေါ်များနှင့် ကွဲလွဲကောင်းကွဲလွဲနေပေမည်။ ထိုသို့ ဆိုပါကလည်း အကြောင်းအရာတစ်ခုကို ကိုယ်နှင့်ထင်မြင်ချက်မတူသောအမြင်တစ်ရပ်ဟုသာယူဆပေးပါရန်။)

Tuesday, July 21, 2009
ဂီတနှင့်ကျွန်တော်
”ညအခါ၊လသာသာ၊ကစားမလား၊နားမလား။” ဟုငယ်ငယ်တုန်းကသူငယ်တန်းဖတ်စာထဲမှာဖတ်ဖူးသည်။ ကျွန်တော့်အဖို့ တော့ ကလေးဘ၀က လသာညများသည် သူများကလေးတွေနှင့်မတူ လမ်းပေါ်ထွက်မကစား၊ နားနားနေနေလည်းမနေ၊ အထူးသဖြင့် ရန်ကုန်မြို့၏ လျှပ်စစ်မီးပျက်ညများဆိုလျှင် ၀ရန်သာတွင်လှဲအိပ်၊ ကောင်းကင်က ၀ိုင်းဝိုင်းစက်စက်လမင်းကြီးကိုကြည့်ကာ ကိုယ်အလွတ်ရသော သီချင်းပေါင်းများစွာကိုသီဆိုခဲ့သည်သာဖြစ်သည်။ သုံးလေးနှစ်သားကအကြောင်းတွေကိုသိပ်မမှတ်မိပေမယ့် မိဘများပြန်ပြောချက်အရ ထိုအချိန်က အိမ်နံရံတွင် မတ်တပ်ရပ်မခိုင့်တစ်ခိုင်ဖြင့်ဖင်ပွတ်ရပ်ကာ ကလေးကစားစရာသစ်သားဂစ်တာလေးကိုကိုင်ကာ ဗိုလ်ထီး(စိုင်းထီးဆိုင်)သီချင်းများကိုအပီဟဲတတ်သည်ဟူ၍။
ကလေးလေးကတည်းက သီချင်းများကြိုက်တတ်သော ကျွန်တော်သည် ကျောင်းတက်သောအချိန်ရောက်တော့လည်းသီချင်းများနဲ့မကွဲကွာ၊ကျွန်တော်နှင့်ဝါသနာတူသောကျွန်တော့်ဝမ်းကွဲအမ(ကျွန်တော့်ထက်၎၊၅နှစ်ခန့်ကြီးသူ)က သူသိသောကိုင်ဇာ၊စိုးပိုင်၊စိုးလွင်လွင်၊စိုင်းဆိုင်မောဝ်၊စိုင်းထီးဆိုင် သီချင်းစာသားများကို သီချင်းကြိုက်တတ်သောကျွန်တော့်အား တကူးတက သူ့ လက်ရေးနှင့်ကူးပေး၍ အလိုက်မရသောတစ်ချို့ သီချင်းများကို အားလပ်ချိန်တွင်ကျွန်တော့်အမက ကျွန်တော့်ကိုသင်ပေးမြဲဖြစ်သည်။
ငယ်ငယ်ကအဖေ၀ယ်ထားသောနေရှင်နယ်တံဆိပ်ကက်ဆက်တစ်လုံးရှိသော်လည်း ကလေးဘာသာဘာဝ လျှောက်နှိပ်လျှောက်ကလိတတ်၍ ခဏခဏပြင်လိုက်၊ပျက်လိုက်နှင့်မို့ နောက်ဆုံးအဖေဒေါကန်ပြီးရောင်းပစ်လိုက်ပြီးနောက် ထပ်မ၀ယ်တော့ပဲ ကျွန်တော်လူပျိုပေါက်ကျမှသာနောက်တစ်လုံးထပ်ဝယ်ပေးတော့သည်။ ကက်ဆက်မရှိသောကာလသ၌ ကျွန်တော့်အဖို့ သီချင်းနားထောင်ရာနေရာများကတော့ အိမ်ကရေဒီယိုအိုကြီးတစ်လုံး၊ လက်ဖက်ရည်ဆိုင်ကဖွင့်သောကက်ဆက်၊ လမ်းထဲတွင်အလှူ၊ပျော်ပွဲရွှင်ပွဲများလုပ်လျှင်ဖွင့်သောလော်စပီကာကြီးနှင့် သူငယ်ချင်း၊အမျိုး၊အမ၀မ်းကွဲအိမ်များတွင်ရှိသောကက်ဆက်များနှင့်သာအသက်ဆက်အမောဖြေရ၏။
ငယ်စဉ်ကမိသားစုစီပွားရေးမှာလည်းသိပ်အကောင်းကြီးမဟုတ်သဖြင့် သူများလိုရောင်စုံသီချင်းစာအုပ်မ၀ယ်နိုင်၊ ကိုယ်တိုင်မဂ္ဂဇင်း၊သူများဆီကဌားထားသောသီချင်းစာအုပ်(သို့ မဟုတ်)အပေါစားဖယောင်းစက္ကူနှင့်ရိုပ်နှိပ်ထားသောဝါကျင့်ကျင့်သီချင်းစာအုပ်များနှင့်သာအဖော်ပြုရလေသည်။ အရွယ်ရောက်သောအခါ ဆရာနှင့်စနစ်တကျ ဂစ်တာတီးသင်ချင်သော်လည်း ပိုက်ဆံကုန်မည်ကတစ်ကြောင်း အိမ်ကစာမဖတ်ပဲ လေသွားမည်စိုး၍ကတစ်ဖုံမသင်ဖြစ်ခဲ့။ အမေကရှစ်တန်းစာမေးပွဲကိုဂုဏ်ထူးငါးခုနှင့်အောင်၍ ယခင်၂၄လမ်းအောက်လမ်း (တိုက်တစ်လုံးဂစ်တာဆိုင်)တွင်ဂစ်တာတစ်လက်ဝယ်ပေးသည်။ သားအလိုကိုလိုက်တတ်သောအမေ့အားဒီနေ့ထိကျေးဇူးတင်နေမြဲ။ ဂစ်တာရလာတော့ အစ်ကိုဝမ်းကွဲ၊သူငယ်ချင်း၊ဂီတာတီးနည်းစာအုပ်များကိုမှီကိုး၍ ဘိဒ်ပျက်ဖြင့်ဂစ်တာတီးတတ်လာသည်။ နောက်တော့ slow go go/cha cha/slowလောက်ကိုမတတ်တခေါက်တီးတတ်လာသည်။ စိတ်ပျော်လည်းဂစ်တာတီး၊ စိတ်ညစ်လည်းဂစ်တာတီး အားလပ်ချိန်များတွင်တော့ဂစ်တာသည်သာကျွန်တော့်အဖော်ဖြစ်ခဲ့သည်။ အိမ်နောက်ဖေးတွင်ဂစ်တာတစ်လုံးနှင့်သီချင်းများဟစ်ဟစ်တတ်သည်မို့ အဖေကတောင်အမေ့အား “နင့်သားတော့ဂစ်တာတီးပြီးသီချင်းဆိုနေပြီ။ ဘာတွေဆိုနေမှန်းတော့မသိဘူး”ဟုတစ်ခါတစ်ရံကောင်းချီးပေးတတ်သေးသည်။
အဖေကက်ဆက်ဝယ်ပေးလိုက်သောနောက်တွင် ကက်ဆက်ခွေအဌားဆိုင်များက ကွုန်တော့်ဖောက်သည်များဖြစ်လာသည်။ ကျောင်းပိတ်လျှင်ခွေဌားဆိုင်တန်းပြေးခွေဌားနားထောင်၊ ကိုယ်ကြိုက်သောသီချင်းများရှိပါက ယခင်အိမ်နီးနားချင်းဆီးခွေအလွတ်တစ်ခွေ၊နှစ်ခွေဝယ်ပြီးသွား၊ ပြီးလျှင်စိတ်ကြိုက်သီချင်းအပုဒ်များရွေးကူးလိုက်၊နားထောင်လိုက်နှင့် အလုပ်ရှုပ်နေမြဲဖြစ်သည်။ (မှတ်ချက်။ ထိုအိမ်နီးချင်းအန်ကယ်နှင့်အန်တီတို့ မှာကျွန်တော့်တို့ နှင့်တစ်ကယ့်အမျိုးတွေလိုနေကြ၍ ကျွန်တော်ဘယ်နှစ်ခေါက်လာလာမငြီးမညူတံခါးဖွင့်ထားမြဲဖြစ်သည်။ ယခုစာရေးနေချိန်အထိသူတို့ အား အားလည်းနာ၊ကျေးဇူးလည်းအထူးတင်မိသည်။ သူတို့ ဝယ်ထားသော double cassetteမှာသူတို့ သုံးသည်ထက် ကျွန်တော်သုံးသည့်အခေါက်ရေကပိုများနေလိမ့်မည်ထင်သည်။)
ကျွန်တော်ဆယ်တန်းပြီးတော့ ထိုစဉ်က ပိုက်ဆံချမ်းသာသူမိဘများ သူတို့ သားသမီးများ ကိုးတန်း၊ဆယ်တန်းဖြေဆိုအောင်မြင်ရန်အတွက်study guide ခေါ်တတ်သောအကျင့်ရှိရာ ကျွန်တော်ကဆယ်တန်းကိုဂုဏ်ထူးအားလုံးဖြင့်အောင်မြင်သောအရှိန်နှင့် guideလုပ်စားလိုက်သေးသည်။ မနက်စောစော ၆နာရီခွဲ၊၇ နာရီဆိုအိမ်ကထွက်၊ တစ်ခါတစ်လေ နေ့ လည်စာ၊ညစာတောင်အိမ်ပြန်မစားဖြစ်၊ ည၁၀နာရီ၊ ၁၁နာရီမှအိမ်ပြန်ရောက်၍ နေ့ စဉ်လိုလိုနိစ္စဓူဝဒီလိုအချိန်ကုန်မြဲဖြစ်သည်။
သည်ကြားထဲအင်္ဂလိပ်စာနှင့်တရုပ်စာကျူရှင်ကိုအားရင်အားသလိုတက်လိုက်သေး၍ တစ်နေ့ ထဲမှာပင် ဆရာဖြစ်လိုက်၊ တပည့်ဖြစ်လိုက်နှင့်လုံးလည်ချာလည်ပတ်နေသည်။ တရုပ်ကျူရှင်ဆရာမက စာပိုဒ်များကိုအလွတ်ကျက်၊ အလွတ်ရေးခိုင်း၍ အချိန်မရ၍မဖတ်ရေးမိသောကြောင့်အဆူအဆဲခံရသောနေ့ များလည်းကြာလာတော့ဘာမှမထူးခြားတော့။
ထိုအချိန်ကဂီတနှင့်တခဏကင်းလွတ်သွားသည်ထင်ရသော်လည်း၊ အားလပ်သည့်အချိန်နည်းနည်းပါးပါးများတွင် သီချင်းနားထောင်မြဲ၊ ဂစ်တာတီးမြဲသာဖြစ်သည်။ ထိုစဉ်ကလခရလျှင် ပုံမှန်လုပ်ဖြစ်တာတစ်ခုရှိသည်။ တစ်လတခါတရုပ်သီချင်းခွေတစ်ခွေမှန်မှန်ဝယ်တတ်သည့်အကျင့်ဖြစ်သည်။ ထိုစဉ်က ခေတ်စားသော ၀မ်ကျယ်(王傑)၊ လျှိုတက်ဝှာ(劉德華)၊ ကောဖုချန်(郭富城)၊ ဖန်းမေကျန်း(繙美辰) စသည့်တရုပ်အဆိုတော်ခွေများတော်တော်များများဝယ်ဖြစ်သည်။ ခွေဝယ်၊စာအုပ်ဝယ်သည်ကလွဲ၍ကျန်သည့်ပိုလျှုံသည့်ငွေကို အိမ်ကိုအသုံးစရိတ်အဖြစ်အပ်မြဲဖြစ်သည်။ ထိုထိုအချိန်ကဖြစ်ပျက်ခဲ့သည်များကိုပြန်စဉ်းစားမိပါက လူပင်ပန်းသော်လည်း၊ အချိန်ကိုအပြည့်အ၀ အသုံးချခဲ့သဖြင့်ကျေနပ်အားရမိသည်။ ယခုလက်ရှိ အလုပ်တက်၊ထိုင်အလုပ်ဆင်း၊စား၊သောက်၊အိပ် အချိန်ကုန်သွားသည်ထက်စာလျှင်ကောင်းသေး၏။
ထို့ နောက်ထိုင်ဝမ်စာမေးပွဲဝင်ဖြေအောင်ပြီးနောက် ထိုင်ဝမ်တွင်၁၀နှစ်ကျော်လုံးလုံး စာဖတ်၊အလုပ်လုပ်၊ဘွဲ့ ရ၊အင်ဂျင်နီယာဝင်လုပ်၊အိမ်ထောင်ကျပြီး လက်ရှိသမီးပင်၂နှစ်ခွဲ၊ ၃နှစ်ထဲဝင်လာလေပြီ။ အချိန်များကုန်လွယ်ပြောင်းလဲမြန်ဆန်လိုက်သည်ဖြစ်ခြင်း။ ဂီတနှင့်သီချင်းကိုတော့အရင်လိုအချိန်များများမပေးနိုင်ပင်မယ့် ၀ါသနာကားတားမရသည်မို့  အားလပ်ချိန်များတွင်သီချင်းနားထောင်၊ သီချင်းဆိုမြဲဖြစ်သည်။ ဂစ်တာတီးချိန်ကတော့ နောက်ပိုင်းနည်းလွန်းလှသည်။ အမေကိုပြောဖူးသောစကားတစ်ခွန်းသတိရမိသည်။ “အကယ်၍ ကိုယ်ဝါသနာပါရာကိုသာ တစောက်မတ်မတ်လုပ်ရမည်ဆိုပါက ယခုဆိုလျှင်ကျွန်တော်အဆိုတော်တစ်ယောက်ဖြစ်ကောင်းဖြစ်နေလိမ့်မည်ဟူ၍။“

Monday, July 20, 2009
你是我的眼 (မင်းလေးသာကိုယ်ရဲ့မျက်ဝန်း)
作詞:蕭煌奇 作曲:蕭煌奇 編曲:陳飛午 演唱:蕭煌奇/全方位樂團
တေးဆို။တေးရေး။ ရှောင်းဟွမ်ချီ
(ထိုင်ဝမ်သားမျက်မမြင်အဆိုတော်တစ်ဦးဖြစ်ပြီး `“မင်းလေးသာကိုယ့်မျက်ဝန်း`“ဆိုသောတေးသီချင်းနဲ့ လူသိများကျော်ကြားလာပြီး သီချင်းလောကထဲကိုဝင်လာသူတစ်ဦးဖြစ်ပါတယ်။)
如果我能看得見 就能輕易的分辨白天黑夜
就能準確的在人群中牽住你的手
တကယ်လို့များ ကိုယ်မျက်လုံးများမြင်နိုင်စွမ်းရှိမယ်ဆိုရင်
လင်းထိန်သောမနက်ခင်း၊ မှောင်မိုက်သောညချမ်းများကို အလွယ်တကူခွဲခြားနိုင်မှာဖြစ်ပြီး
လူအုပ်လူစုတွေကြားထဲများ မင်းလက်ကိုပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားနိုင်မှာမလွဲမသွေပါပဲ။
如果我能看得見 就能駕車帶你到處遨遊
就能驚喜的從背後給你一個擁抱
တကယ်လို့များ ကိုယ်မျက်လုံးများမြင်နိုင်စွမ်းရှိမယ်ဆိုရင်
မင်းလေးကိုခေါ်ြ့ပီး နေရာအနှံ့ကားနဲ့လည်ပတ်လိုက်ပို့နိုင်မယ့်အပြင်
မင်းကလေးကို နောက်ကျောပြင်ကနေ လှမ်းဖက်ပြီး အံအားသင့်ဝမ်းမြောက်မှုတွေမလွဲမသွေပေးနိုင်စွမ်းရှိမှာပါပဲ။
如果我能看得見 生命也許完全不同
可能我想要的我喜歡的我愛的 都不一樣
တကယ်လို့များ ကိုယ်မျက်လုံးများမြင်နိုင်စွမ်းရှိမယ်ဆိုရင်
ဘ၀ဟာလုံးဝပြောင်းလဲသွားပြီး
ကိုယ်နှစ်သက်တာတွေ၊ ကိုယ်ချစ်ခင်တွယ်တာတွေအားလုံး အရင်ကနဲ့မတူ တမူပြောင်းလဲထူးခြားနေမှာအမှန်ပါပဲ။
*眼前的黑不是黑 你說的白是什麼白
人們說的天空藍 是我記憶中那團白雲背後的藍天
ဒီလိုသာဆိုရင် ကိုယ့်မျက်စိရှေ့ကအမည်းရောင်ဆိုတာလဲ အမည်းမမည်တော့၊
မင်းပြောတတ်တဲ့ အဖြူရောင်ဆိုတာကောဘာအရောင်ဆိုတာကိုယ်သိပြီး
လူတွေပြောတတ်တဲ့ ကောင်းကင်ပြာဆိုတာ ကိုယ်မှတ်ဥာဏ်စိတ်အစဉ်ထဲက တိမ်ဖြူတွေနောက်က အပြာရောင်ကောင်းကင်ဆိုတာဖြစ်မှာပါပဲ။
我望向你的臉 卻只能看見一片虛無
是不是上帝在我眼前遮住了簾 忘了掀開
ကိုယ်မျှော်မှန်းတောင့်တတွေ့ ချင်တဲ့ မင်းလေးရဲ့မျက်နှာဟာ ကိုယ်မြင်တွေ့ နေရတာတော့ ဟာလာဟင်းလင်းဗလာနတ္တိဖြစ်ဖြစ်နေတော့
ဘုရားသခင်က ကိုယ်မျက်လုံးရှေ့မှာ ကန့်လန့်ကာတစ်ချပ်ကာဆီးထားပြီး ဖယ်ဖို့မေ့နေသလားလို့တစ်ခါတစ်ရံကိုယ့်ကိုကိုယ်မေးမိပါတယ်။
#你是我的眼 帶我領略四季的變換
မင်းလေးကသာကိုယ့်ရဲ့မျက်ဝန်းလေးဖြစ်ပြီး နွေမိုးဆောင်းပြောင်းလဲဖြစ်တည်ခြင်းကိုပေးစွမ်းခဲ့သူဖြစ်ပါတယ်။
你是我的眼 帶我穿越擁擠的人潮
မင်းလေးကသာကိုယ့်ရဲ့မျက်ဝန်းလေးဖြစ်ပြီး မွမ်းကြပ်ပြွတ်သိပ်နေတဲ့လူရေစီးကြောင်းကိုကျော်ဖြတ်ပေးနိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်။
你是我的眼 帶我閱讀浩瀚的書海
မင်းလေးကသာကိုယ့်ရဲ့မျက်ဝန်းလေးဖြစ်ပြီး များပြားပြည့်လျှံနေတဲ့ စာအုပ်ပုံပင်လယ်ကြီးကိုဖတ်ပြနိုင်စွမ်းရှိသူဖြစ်ပါတယ်။
因為你是我的眼 讓我看見這世界就在我眼前
မင်းလေးကသာကိုယ့်ရဲ့မျက်ဝန်းလေးဖြစ်နေလို့သာ ကိုယ့်မျက်စိရှေ့မှာဒီကမ္ဘာမြေကြီးကို ကိုယ်မြင်သာနိုင်စွမ်းရှိတာပေါ့
就在我眼前 就在我眼前
ကိုယ့်မျက်စိရှေ့မှာ…
ကိုယ့်မျက်စိရှေ့မှာ…
Repeat *,#,#
အမ်တီဗွီကြည့်လိုသူများအောက်ပါလင့်ခ်များသို့သွားရောက်ကြည့်ရှုနိုင်ပါသည်။
http://degolar.blogspot.com/
http://www.youtube.com/watch?v=bDU6jebYHd0
(ကမ္ဘာပေါ်ရှိ မျက်မမြင်ဒုက္ခိတများကို စာနာထောက်ထားပြီး အခွင့်အရေးရှိပါက မျက်မမြင်ကြသူအားလုံး မျက်စိနှစ်ကွင်းအမြန်လင်းမြင်ကြပါစေလို့ဆုတောင်းလျှက်။ တနည်းအားဖြင့် မျက်စိနှစ်ကွင်း အလင်းရသော်လည်း အတ္တရမက်များဖုန်းလွမ်းနေကြသော အချို့ သော မြင်လျှက်နှင့် မမြင်ချင်ယောင်ဆောင်နေသူများ၊ မျက်စိပိတ်ထားသူများ၊ မျက်စိအပိတ်ခံထားရသူများအားလုံးလည်း လောကအလင်းကို အမြန်ဆုံး မြင်တွေ့ နိုင်ပါစေ လို့ တောင်းဆုခြွေလျှက်။ ရန်ကုန်သား)
把悲傷留給自己(လွမ်းဆွေးခြင်းများကိုယ့်အတွက်ထားခဲ့ပါ။)
能不能讓我 陪著妳走 即然妳說 留不住妳
မင်းကလေးကိုတားမထားနိုင်ပေမယ့်လည်း ကိုယ်အားမင်းကိုအဖော်ပြု၍လိုက်ပို့ပါရစေ။
回去的路 有些黑暗 擔心讓妳 一個人走
အပြန်လမ်းမှာပိန်းပိတ်မှောင်မည်းနေသမို့ မင်းလေးတစ်ယောက်တည်းလျှောက်သွားရမှာကိုယ်စိုးရိမ်မိလို့ပါ။
我想是因為 我不夠溫柔 不能分擔 妳的憂愁
မင်းလေးကိုယ့်ကိုလမ်းခွဲသွားတာ မင်းရဲ့စိတ်ဆင်းရဲပင်ပန်းမှုတွေကိုဝေမျှမခံယူမိပဲ ကိုယ့်မှာနွေးထွေးကြင်နာမှုအပြည့်အ၀မရှိလို့ထင်မိပါတယ်။
如果這樣 說不出口 就把遺憾 放在心中
အဲဒီလိုဆိုလဲပြောမထွက်လဲရင်ထဲမှာပဲဝမ်းနည်းကြေကွဲမှုကိုသိမ်းဆည်းထားပါ။
把我的悲傷 留給自己 妳的美麗 讓妳帶走
မင်းလေးရဲ့အလှအပများကိုသာမင်းနဲ့အတူယူဆောင်သွားပြီး ၀မ်းနည်းကြေကွဲမှုတွေကို ကိုယ့်အတွက်ချန်ထားရစ်ခဲ့ပါ။
從此以後 我再沒有 快樂起來的理由
ဒီနေ့ကစပြီး ကိုယ်မှာပျော်ရွင်မှုဆိုတာဆိတ်သုဉ်းသွားခဲ့ပါပြီ။

我想我可以忍住悲傷 可不可以 妳也會想起我
ဝမ်နည်းလွမ်းဆွတ်မှုတွေကို ကိုယ်တစ်ယောက်တည်း အောင့်အည်းထိမ်းချုပ်ထားပါ့မယ်။
မင်းကလေးလည်းကိုယ့်ကိုတစ်ခါတစ်ရံသတိရပေးပါ။
是不是可以 牽妳的手呢 從來沒有 這樣要求
မင်းကလေးရဲ့လက်ကိုချိတ်တွဲကိုင်ဆုပ်ထားခွင့်ပြုပါလို့လဲကိုယ့်ဘယ်တုန်းကမှမတောင်းဆိုခဲ့ဘူးပါဘူး။
怕妳難過 轉身就走 那就這樣吧 我會了解的
မင်းကလေးစိတ်မကောင်းဖြစ်ပြီး တစ်ဖက်လှည့်ထွက်ကျောခိုင်းသွားမှာစိုးလို့ပါ။
တစ်ကယ်လို့ကျောခိုင်းသွားမယ်ဆိုရင်လည်းမင်းသဘောအတိုင်းပါ ကိုယ်နားလည်ပါတယ်။
把我的悲傷 留給自己 妳的美麗 讓妳帶走
မင်းလေးရဲ့အလှအပများကိုသာမင်းနဲ့အတူယူဆောင်သွားပြီး ၀မ်းနည်းကြေကွဲမှုတွေကို ကိုယ့်အတွက်ချန်ထားရစ်ခဲ့ပါ။
從此以後 我再沒有 快樂起來的理由
ဒီနေ့ကစပြီး ကိုယ်မှာပျော်ရွင်မှုဆိုတာဆိတ်သုဉ်းသွားခဲ့ပါပြီ။
我想我可以忍住悲傷 假裝生命中沒有妳
ဝမ်းနည်းလွမ်းဆွတ်မှုများကိုကိုယ်အောင့်အည်းထားပြီး ကိုယ့်ဘ၀မှာမင်းကလေးမရှိတော့ဘူးလို့မှတ်ယူထားပါ့မယ်။
從此以後 我在這裡 日夜等待 妳的消息
ဒီကနေ့ကစပြီး ဒီနေ့ရာမှာ မင်းလေးရဲ့သတင်းစကားများကိုသာစောင့်စားသွားပါတော့မယ်။
能不能讓我 陪著妳走 即然妳說 留不住妳
မင်းကလေးကိုတားမထားနိုင်ပေမယ့်လည်း ကိုယ်အားမင်းကိုအဖော်ပြု၍လိုက်ပို့ပါရစေ။
無論妳在 天涯海角 是不是妳 偶爾會想起我
မင်းကလေး ဝေယံကောင်းကင်ထိပ်ဖျားမှာပဲရှိနေနေ၊ ပင်လယ်အဏ္ဏ၀ါအဆုံးမှာပဲတည်ရှိရှိ၊ အမှတ်မထင် တစ်ခါတစ်ရံတော့ကိုယ်ကိုသတိရပါ
可不可以 妳也會想起我
ကိုယ်ကိုသတိရနိုင်ပါ့မလား။
可不可以 可不可以 可不可以
သတိရနိုင်ပါ့မလား… သတိရနိုင်ပါ့မလား… သတိရနိုင်ပါ့မလား…
把悲傷留給自己 作詞 / 作曲:陳昇
”၀မ်းနည်းလွမ်းဆွတ်မှုတွေကိုကိုယ်နှင့်အတူထားရစ်ခဲ့ပါ” တေးရေး။တေးဆို။ ချန်စန့် (ထိုင်ဝမ်အဆိုတော်)
အမ်တီဗွီကြည့်လိုသူများအောက်ပါလင့်ခ်များသို့သွားရောက်ကြည့်ရှုနိုင်ပါသည်။
http://degolar.blogspot.com/
http://www.youtube.com/watch?v=lL1QrS50wIU
(၀ိုင်ဝိုင်း လမင်းပင်လယ်ရဲ့ မူရင်းသံစဉ် တရုပ်သီချင်း၊ သီချင်းချစ်သူအာလုံးအတွက်မျှဝေခံစားလိုက်ပါသည်။)
ရန်ကုန်သား။
Subscribe to:
Posts (Atom)