Wednesday, July 22, 2009

捨不得讓你走 (မင်းကလေးကျောခိုင်းထွက်ခွာသွားမှာမမြင်ရက်ပါ)



曲 : 陳俊廷 詞 : 翁鵬宇
တေးရေး၊ ချန်ကျွင့်ထင် သံစဉ်၊ အုန်းဖုန်ယွီ
တေးဆို၊ ၀မ်ကျယ်

你曾是我最惆悵 最最難忘
မင်းလေးဟာကိုယ့်စိတ်ထဲမှာ ကြေကွဲဝမ်းနည်းရဆုံး မေ့ပျောက်လိုမရဆုံးသူတစ်ယောက်ဖြစ်ပါတယ်။
人在歲月中流失 多少夢想
လူသားများဟာအသက်ရှင်နေထိုင်တဲ့ဘ၀နေ့ ရက်များထဲမှာ ဘယ်လောက်များလှတဲ့မျှော်လင့်ချက်အိပ်မက်တွေဆုံးရှုံးခဲ့ရပါသလဲ။
當我看著你的臉龐 那種感覺永遠都一樣
ကိုယ်မင်းမျက်နှာကိုကြည့်မိစဉ်တိုင်းမှာ ခံစားမိရတဲ့ခံစားချက်ဟာထာဝရဒီခံစားချက်အတိုင်းပါပဲ။
你是我心中 最痛的痛
မင်းလေးကကိုယ့်စိတ်ထဲမှာ နာကျင်ရဆုံးဒါဏ်ရာဖြစ်သလို
也是我心中 最夢的夢
အိပ်မက်နေရဆုံးအိပ်မက်တစ်ခုလည်းဖြစ်ပါတယ်။
Chorus1:
[捨不得讓你走 卻無力挽留住什麼
မင်းခွဲခွါသွားမှာမမြင်ရက်သလို တားဆီးထားဖို့ ကလည်း ကိုယ့်မှာအင်အားမရှိခဲ့ပါ။
雖然堂堂男子漢 也會忍不住淚流
ယောကျာင်္းစင်စစ်အမှန်ဖြစ်သော်လည်း မျက်ရည်ပြည့်လျှံဝဲကျလာခြင်းကိုမတားမြစ်နိုင်ခဲ့ပါ။
捨不得讓你走 卻無力強求些什麼
မင်းခွဲခွါသွားမှာမမြင်ရက်သလို တောင်းဆိုဖို့ လည်းအင်အားမရှိခဲ့ပါ။
讓我握緊你的手
မင်းရဲ့လက်ကိုသာတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး၊
用最深的祝福 陪你走]
အလေးနက်အနက်ရှိုင်းဆုံးဆုမွန်ကောင်းများနဲ့ သာမင်းလေးထွက်ခွာသွားတာကိုသာ အဖော်ပြုခွင့်ပြုပါတော့။
我曾是你最知己 也最依賴
ကိုယ့်ကမင်းလေးရဲ့အကြောင်းကိုအသိဆုံး၊ မင်းလေးအားကိုးယုံကြည်ရသူတစ်ဦးဖြစ်ခဲ့ဘူးပါတယ်။
就讓往事都變成 最美的傷
အခုတော့ဖြစ်ပျက်ခဲ့သမျှဟာ အလှအပဆုံးဒါဏ်ရာတစ်ခုအနေနှင့်သာရှိနှင့်ပါစေတော့။
當我看著你的臉龐 那種感覺永遠都一樣
မင်းမျက်နှာကိုကြည့်တိုင်းခံစားမိတဲ့ခံစားချက်ကတော့ထာဝရမပြောင်းမလဲရှိလျှက်ပါပဲ။
你是我心中 最痛的痛
မင်းလေးကကိုယ့်စိတ်ထဲမှာ နာကျင်ရဆုံးဒါဏ်ရာဖြစ်သလို
也是我心中 最夢的夢
အိပ်မက်နေရဆုံးအိပ်မက်တစ်ခုလည်းဖြစ်ပါတယ်။
Repeat Chorus1: x 2

(ဒါကတော့ကျွန်တော်နှစ်သက်အလေးစားရဆုံးတရုပ်အဆိုကျော်ဝမ်ကျယ်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သူဟာမြန်မာပြည်ကထူးအိမ်သင်လိုတစ်မူထူး ခြားတဲ့အသံကိုပိုင်ဆိုင်ထားတဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူဆိုတဲ့သီချင်းတစ်ပုဒ်ကိုဘယ်သူဆိုလဲမကြည့်ဘဲနားထောင်လိုက်ရင်သူ့ အသံပဲလို့ သိရအောင်ထူးခြားတဲ့အသံပိုင်ရှင်ဖြစ်ပါတယ်။ ကျွန်တော်တက္ကသိုလ်ဘ၀မြန်မာနိုင်ငံမှာရှိနေစဉ်ကရော၊ထိုင်ဝမ်မှာကျောင်းတက်စဉ်ကပါ သူ့ အခွေတိုင်းလိုလိုဝယ်ဖြစ်ခဲ့တဲ့အဆိုတော်လည်းဖြစ်ပါတယ်။ ရော့ခ်၊စလိုး၊သိုင်ကားဇာတ်ဝင်သီချင်း၊ကလေးများအတွက်သီချင်း၊လေလွင့်သူများအတွက်သီချင်းမျိုးစုံကိုသီဆိုခဲ့သူလည်းဖြစ်ပါတယ်။ သူ့ သီချင်းအများစုကိုကျွန်တော်ကြိုက်နှစ်သက်ပြီး သူငယ်ချင်းများနဲ့  ကေတီဗွီမှာသီချင်းဆိုရင်သူ့ သီချင်းကျွန်တော်မဆိုမဖြစ်ဆိုပါတယ်။ ဒီသီချင်းနောက်ကြောင်းမသိခင်က တေးရေးသူကသူ့ ချစ်သူအကြောင်းဖွဲ့ ဆိုထားတယ်လို့ အထင်မှားမိပြီး အမှန်ကတော့ ၀က်ဆိုဒ်မှာပြန်ကြည့်မှ လောကထဲကကျောခိုင်းသွားတဲ့ ကင်ဆာရောဂါရှင်ကလေးငယ်တစ်ဦးအတွက်ရေးစပ်ထားတာဖြစ်ကြောင်းသိရှိရပါတယ်။ သီချင်းကိုအဓိပ္ပာယ်နှင့်တကွနားဆင်မိတဲ့အခါမှာမျက်ရည်ကျမိမတတ်ခံစားရပါတယ်။ ခံစားကြည့်ကြပါ။ အောက်ပါလင့်ခ်မှာ အမ်တီဗွီရှုစားလို့ ရပါတယ်။)
http://www.youtube.com/watch?v=Xze8NXtkC8I

No comments:

Post a Comment