Monday, July 20, 2009

把悲傷留給自己(လွမ်းဆွေးခြင်းများကိုယ့်အတွက်ထားခဲ့ပါ။)


能不能讓我 陪著妳走 即然妳說 留不住妳 
မင်းကလေးကိုတားမထားနိုင်ပေမယ့်လည်း ကိုယ်အားမင်းကိုအဖော်ပြု၍လိုက်ပို့ပါရစေ။
回去的路 有些黑暗 擔心讓妳 一個人走
အပြန်လမ်းမှာပိန်းပိတ်မှောင်မည်းနေသမို့ မင်းလေးတစ်ယောက်တည်းလျှောက်သွားရမှာကိုယ်စိုးရိမ်မိလို့ပါ။
我想是因為 我不夠溫柔 不能分擔 妳的憂愁 
မင်းလေးကိုယ့်ကိုလမ်းခွဲသွားတာ မင်းရဲ့စိတ်ဆင်းရဲပင်ပန်းမှုတွေကိုဝေမျှမခံယူမိပဲ ကိုယ့်မှာနွေးထွေးကြင်နာမှုအပြည့်အ၀မရှိလို့ထင်မိပါတယ်။
如果這樣 說不出口 就把遺憾 放在心中
အဲဒီလိုဆိုလဲပြောမထွက်လဲရင်ထဲမှာပဲဝမ်းနည်းကြေကွဲမှုကိုသိမ်းဆည်းထားပါ။
把我的悲傷 留給自己 妳的美麗 讓妳帶走 
မင်းလေးရဲ့အလှအပများကိုသာမင်းနဲ့အတူယူဆောင်သွားပြီး ၀မ်းနည်းကြေကွဲမှုတွေကို ကိုယ့်အတွက်ချန်ထားရစ်ခဲ့ပါ။
從此以後 我再沒有 快樂起來的理由
ဒီနေ့ကစပြီး ကိုယ်မှာပျော်ရွင်မှုဆိုတာဆိတ်သုဉ်းသွားခဲ့ပါပြီ။
把我的悲傷 留給自己 妳的美麗 讓妳帶走 
မင်းလေးရဲ့အလှအပများကိုသာမင်းနဲ့အတူယူဆောင်သွားပြီး ၀မ်းနည်းကြေကွဲမှုတွေကို ကိုယ့်အတွက်ချန်ထားရစ်ခဲ့ပါ။
我想我可以忍住悲傷 可不可以 妳也會想起我
ဝမ်နည်းလွမ်းဆွတ်မှုတွေကို ကိုယ်တစ်ယောက်တည်း အောင့်အည်းထိမ်းချုပ်ထားပါ့မယ်။
မင်းကလေးလည်းကိုယ့်ကိုတစ်ခါတစ်ရံသတိရပေးပါ။
是不是可以 牽妳的手呢 從來沒有 這樣要求 
မင်းကလေးရဲ့လက်ကိုချိတ်တွဲကိုင်ဆုပ်ထားခွင့်ပြုပါလို့လဲကိုယ့်ဘယ်တုန်းကမှမတောင်းဆိုခဲ့ဘူးပါဘူး။
怕妳難過 轉身就走 那就這樣吧 我會了解的
မင်းကလေးစိတ်မကောင်းဖြစ်ပြီး တစ်ဖက်လှည့်ထွက်ကျောခိုင်းသွားမှာစိုးလို့ပါ။
တစ်ကယ်လို့ကျောခိုင်းသွားမယ်ဆိုရင်လည်းမင်းသဘောအတိုင်းပါ ကိုယ်နားလည်ပါတယ်။
把我的悲傷 留給自己 妳的美麗 讓妳帶走 
မင်းလေးရဲ့အလှအပများကိုသာမင်းနဲ့အတူယူဆောင်သွားပြီး ၀မ်းနည်းကြေကွဲမှုတွေကို ကိုယ့်အတွက်ချန်ထားရစ်ခဲ့ပါ။
從此以後 我再沒有 快樂起來的理由
ဒီနေ့ကစပြီး ကိုယ်မှာပျော်ရွင်မှုဆိုတာဆိတ်သုဉ်းသွားခဲ့ပါပြီ။
我想我可以忍住悲傷 假裝生命中沒有妳 
ဝမ်းနည်းလွမ်းဆွတ်မှုများကိုကိုယ်အောင့်အည်းထားပြီး ကိုယ့်ဘ၀မှာမင်းကလေးမရှိတော့ဘူးလို့မှတ်ယူထားပါ့မယ်။
從此以後 我在這裡 日夜等待 妳的消息
ဒီကနေ့ကစပြီး ဒီနေ့ရာမှာ မင်းလေးရဲ့သတင်းစကားများကိုသာစောင့်စားသွားပါတော့မယ်။
能不能讓我 陪著妳走 即然妳說 留不住妳 
မင်းကလေးကိုတားမထားနိုင်ပေမယ့်လည်း ကိုယ်အားမင်းကိုအဖော်ပြု၍လိုက်ပို့ပါရစေ။
無論妳在 天涯海角 是不是妳 偶爾會想起我
မင်းကလေး ဝေယံကောင်းကင်ထိပ်ဖျားမှာပဲရှိနေနေ၊ ပင်လယ်အဏ္ဏ၀ါအဆုံးမှာပဲတည်ရှိရှိ၊ အမှတ်မထင် တစ်ခါတစ်ရံတော့ကိုယ်ကိုသတိရပါ
可不可以 妳也會想起我 
ကိုယ်ကိုသတိရနိုင်ပါ့မလား။
可不可以 可不可以 可不可以
သတိရနိုင်ပါ့မလား… သတိရနိုင်ပါ့မလား… သတိရနိုင်ပါ့မလား…

把悲傷留給自己 作詞 / 作曲:陳昇
”၀မ်းနည်းလွမ်းဆွတ်မှုတွေကိုကိုယ်နှင့်အတူထားရစ်ခဲ့ပါ” တေးရေး။တေးဆို။ ချန်စန့် (ထိုင်ဝမ်အဆိုတော်)

အမ်တီဗွီကြည့်လိုသူများအောက်ပါလင့်ခ်များသို့သွားရောက်ကြည့်ရှုနိုင်ပါသည်။
http://degolar.blogspot.com/
http://www.youtube.com/watch?v=lL1QrS50wIU

(၀ိုင်ဝိုင်း လမင်းပင်လယ်ရဲ့ မူရင်းသံစဉ် တရုပ်သီချင်း၊ သီချင်းချစ်သူအာလုံးအတွက်မျှဝေခံစားလိုက်ပါသည်။)
ရန်ကုန်သား။

No comments:

Post a Comment