Monday, July 20, 2009

你是我的眼 (မင်းလေးသာကိုယ်ရဲ့မျက်ဝန်း)


作詞:蕭煌奇 作曲:蕭煌奇 編曲:陳飛午 演唱:蕭煌奇/全方位樂團
တေးဆို။တေးရေး။ ရှောင်းဟွမ်ချီ
(ထိုင်ဝမ်သားမျက်မမြင်အဆိုတော်တစ်ဦးဖြစ်ပြီး `“မင်းလေးသာကိုယ့်မျက်ဝန်း`“ဆိုသောတေးသီချင်းနဲ့ လူသိများကျော်ကြားလာပြီး သီချင်းလောကထဲကိုဝင်လာသူတစ်ဦးဖြစ်ပါတယ်။)

如果我能看得見 就能輕易的分辨白天黑夜
就能準確的在人群中牽住你的手
တကယ်လို့များ ကိုယ်မျက်လုံးများမြင်နိုင်စွမ်းရှိမယ်ဆိုရင်
လင်းထိန်သောမနက်ခင်း၊ မှောင်မိုက်သောညချမ်းများကို အလွယ်တကူခွဲခြားနိုင်မှာဖြစ်ပြီး
လူအုပ်လူစုတွေကြားထဲများ မင်းလက်ကိုပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားနိုင်မှာမလွဲမသွေပါပဲ။

如果我能看得見 就能駕車帶你到處遨遊
就能驚喜的從背後給你一個擁抱
တကယ်လို့များ ကိုယ်မျက်လုံးများမြင်နိုင်စွမ်းရှိမယ်ဆိုရင်
မင်းလေးကိုခေါ်ြ့ပီး နေရာအနှံ့ကားနဲ့လည်ပတ်လိုက်ပို့နိုင်မယ့်အပြင်
မင်းကလေးကို နောက်ကျောပြင်ကနေ လှမ်းဖက်ပြီး အံအားသင့်ဝမ်းမြောက်မှုတွေမလွဲမသွေပေးနိုင်စွမ်းရှိမှာပါပဲ။

如果我能看得見 生命也許完全不同
可能我想要的我喜歡的我愛的 都不一樣
တကယ်လို့များ ကိုယ်မျက်လုံးများမြင်နိုင်စွမ်းရှိမယ်ဆိုရင်
ဘ၀ဟာလုံးဝပြောင်းလဲသွားပြီး
ကိုယ်နှစ်သက်တာတွေ၊ ကိုယ်ချစ်ခင်တွယ်တာတွေအားလုံး အရင်ကနဲ့မတူ တမူပြောင်းလဲထူးခြားနေမှာအမှန်ပါပဲ။

*眼前的黑不是黑 你說的白是什麼白
 人們說的天空藍 是我記憶中那團白雲背後的藍天
ဒီလိုသာဆိုရင် ကိုယ့်မျက်စိရှေ့ကအမည်းရောင်ဆိုတာလဲ အမည်းမမည်တော့၊
မင်းပြောတတ်တဲ့ အဖြူရောင်ဆိုတာကောဘာအရောင်ဆိုတာကိုယ်သိပြီး
လူတွေပြောတတ်တဲ့ ကောင်းကင်ပြာဆိုတာ ကိုယ်မှတ်ဥာဏ်စိတ်အစဉ်ထဲက တိမ်ဖြူတွေနောက်က အပြာရောင်ကောင်းကင်ဆိုတာဖြစ်မှာပါပဲ။

我望向你的臉 卻只能看見一片虛無
是不是上帝在我眼前遮住了簾 忘了掀開
ကိုယ်မျှော်မှန်းတောင့်တတွေ့ ချင်တဲ့ မင်းလေးရဲ့မျက်နှာဟာ ကိုယ်မြင်တွေ့ နေရတာတော့ ဟာလာဟင်းလင်းဗလာနတ္တိဖြစ်ဖြစ်နေတော့
ဘုရားသခင်က ကိုယ်မျက်လုံးရှေ့မှာ ကန့်လန့်ကာတစ်ချပ်ကာဆီးထားပြီး ဖယ်ဖို့မေ့နေသလားလို့တစ်ခါတစ်ရံကိုယ့်ကိုကိုယ်မေးမိပါတယ်။

#你是我的眼 帶我領略四季的變換
မင်းလေးကသာကိုယ့်ရဲ့မျက်ဝန်းလေးဖြစ်ပြီး နွေမိုးဆောင်းပြောင်းလဲဖြစ်တည်ခြင်းကိုပေးစွမ်းခဲ့သူဖြစ်ပါတယ်။

你是我的眼 帶我穿越擁擠的人潮
မင်းလေးကသာကိုယ့်ရဲ့မျက်ဝန်းလေးဖြစ်ပြီး မွမ်းကြပ်ပြွတ်သိပ်နေတဲ့လူရေစီးကြောင်းကိုကျော်ဖြတ်ပေးနိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်။

你是我的眼 帶我閱讀浩瀚的書海
မင်းလေးကသာကိုယ့်ရဲ့မျက်ဝန်းလေးဖြစ်ပြီး များပြားပြည့်လျှံနေတဲ့ စာအုပ်ပုံပင်လယ်ကြီးကိုဖတ်ပြနိုင်စွမ်းရှိသူဖြစ်ပါတယ်။

因為你是我的眼 讓我看見這世界就在我眼前
မင်းလေးကသာကိုယ့်ရဲ့မျက်ဝန်းလေးဖြစ်နေလို့သာ ကိုယ့်မျက်စိရှေ့မှာဒီကမ္ဘာမြေကြီးကို ကိုယ်မြင်သာနိုင်စွမ်းရှိတာပေါ့

就在我眼前 就在我眼前
ကိုယ့်မျက်စိရှေ့မှာ…
ကိုယ့်မျက်စိရှေ့မှာ…
Repeat *,#,#

အမ်တီဗွီကြည့်လိုသူများအောက်ပါလင့်ခ်များသို့သွားရောက်ကြည့်ရှုနိုင်ပါသည်။
http://degolar.blogspot.com/
http://www.youtube.com/watch?v=bDU6jebYHd0

(ကမ္ဘာပေါ်ရှိ မျက်မမြင်ဒုက္ခိတများကို စာနာထောက်ထားပြီး အခွင့်အရေးရှိပါက မျက်မမြင်ကြသူအားလုံး မျက်စိနှစ်ကွင်းအမြန်လင်းမြင်ကြပါစေလို့ဆုတောင်းလျှက်။ တနည်းအားဖြင့် မျက်စိနှစ်ကွင်း အလင်းရသော်လည်း အတ္တရမက်များဖုန်းလွမ်းနေကြသော အချို့ သော မြင်လျှက်နှင့် မမြင်ချင်ယောင်ဆောင်နေသူများ၊ မျက်စိပိတ်ထားသူများ၊ မျက်စိအပိတ်ခံထားရသူများအားလုံးလည်း လောကအလင်းကို အမြန်ဆုံး မြင်တွေ့ နိုင်ပါစေ လို့ တောင်းဆုခြွေလျှက်။ ရန်ကုန်သား)

No comments:

Post a Comment