Monday, December 15, 2008

နှလုံးအေးတဲ့ဆေး...

ရောက်တဲ့အရပ်မှာပျော်အောင်နေ၊
တွေ့ တဲ့သူနဲ့ တည့်အောင်ပေါင်း၊

ရှိတာလေးနဲ့ လှအောင်ဝတ်၊
ရတာလေးနဲ့ ဝအောင်စား၊

အရာရာမမြဲတာကအနိစ္စ
ကိုယ့်အလိုအတိုင်းမဖြစ်လွယ်တာကအနတ္တ

ပြိုင်လာရင်အရှုံးပေး
နှလုံးအေးတဲ့ဆေး။

(ငယ်စဉ်ကအဖေ့ပွဲရုံနံရံတွင်ချိတ်ဆွဲထားသောစာတမ်းဖြစ်ပြီး၊
ကြိုက်နှစ်သက်၍အလွတ်ကျက်ထားခြင်းဖြစ်ပြီး အားလုံးနှင့်ဝေမျှခံစားလိုက်ပါသည်။
အချိန်ကြာလှပြီဖြစ်၍ အချို့ စာသားများအမှားအယွင်းရှိပါကခွင့်လွတ်ပါရန်အနှူးအညွတ်ပန်ကြားအပ်ပါသည်။)

No comments:

Post a Comment