Monday, January 5, 2009

ကိုယ်တိုင်ရေးကဗျာ...

ချစ်သူ

ချစ်သူ...
မမြင်တာကြာတော့လည်း သတိရ
မြင်တာကြာတော့လည်း မေ့မရ
သိပ်ခက်တယ်ခင်။

ချစ်သူ...
အတွေးမှာလည်း ဖျောက်မရ
အိပ်မက်မှာလည်း အမြဲတွေ့ ရ
အအိပ်ခက်တယ်ခင်။

ချစ်သူ...
ဝေဟင်ကြည့်လည်း ပုံရိပ်တစ်ချပ်
ရင်ခွင်ထိလည်း ပုံနှိက်ရိုက်နှက်
အဆိပ်တက်တယ်ခင်။

ချစ်သူသာ...
သိမြင်စာနာလျှင်
အကြင်နာရေတစ်စက်နဲ့ 
အစဉ်သာငြိမ်သက်အေးသွားအောင်
ဖြန်းပက်(ကမ်းဆက်)လှည့်ပါခင်။

(ယော်နသံဇင်ယော်၏ခံစားမှု။)

No comments:

Post a Comment